“ရွှေတိဂုံစေတီတော်သို့ ၂၀၂၆ ခုနှစ် နှစ်ဝက်အတွင်း ဘုရားဖူး ၃ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်”
14 Jul
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း ပြည်တွင်းပြည်ပဘုရားဖူးဧည့်သည် ၃ ဒသမ ၈ သန်းကျော် လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း စေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ သိရပါတယ်။ အဆိုပါကာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးဝင်ရောက်မှုမှာ ရုံးဖွင့်ရက်များ၌ တစ်ရက်လျှင် လူဦးရေတစ်သောင်းဝန်းကျင် အနည်းဆုံးရှိပြီး အစိုးရရုံးပိတ်ရက်များနှင့် နေ့ကြီးရက်ကြီးများတွင် ပို၍လာရောက် ဖူးမြော်လေ့ရှိကာမိုးအခါကာလများမှာ ဘုရားဖူးဝင်ရောက်မှုနည်းပါးကြောင်း သိရပါတယ်။ ၂၀၂၆ ခုနှစ် ခြောက်လတာအတွင်း ဘုရားဖူးဝင်ရောက်မှုအနေနဲ့ သံဃာတော် ၇၀,၀၄၄ ပါး၊ သာသနာ့ နွယ်ဝင် သီလရှင် ၃၆,၀ဝ၇ ပါး၊ အမျိုးသား ၁,၆၉၆,၈၁၈ ဦး၊ အမျိုးသမီး ၂,၀၃၄,၇၀၈ ဦး၊ နိုင်ငံခြားသား ၂၀,၃၂၉ ဦး၊ နိုင်ငံခြားသူ ၁၉,၉၂၉ ဦး၊ စုစုပေါင်း ၃,၈၇၇,၈၃၅ ဦး လာရောက်ဖူးမြော်ခဲ့ပါတယ်။ (NVS 008)