“စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်း ညစ်ညမ်းပစ္စည်းများစွန့်ပစ်မှုမရှိစေရေးစစ်ဆေး”
14 Jul
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ရှိ ဧရာဝတီမြစ်အတွင်းသို့ ညစ်ညမ်းပစ္စည်းများ စွန့်ပစ်မှုမရှိစေရေး အတွက် ခရိုင်/မြို့နယ်တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁၃ ရက်နံနက်ပိုင်းမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မော်တော်ဘုတ်များနဲ့ လိုက်လံစစ်ဆေးခဲ့ကြပါတယ်။ သန့်စင်ခန်းများဆောက်လုပ်၍ ဧရာဝတီမြစ်အတွင်း အညစ်အကြေးများ၊ အမှိုက်သရိုက်များနှင့် ညစ်ညမ်း စေတဲ့ပစ္စည်းများ စွန့်ပစ်မှုမရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်အတွင်း မြစ်ရေမြင့်တက်လာပါက ရေဝင်ရောက်နိုင်တဲ့ ရပ်ကွက်များ၊ စစ်ကိုင်းမင်းကွန်းလမ်းမှာ မြေထိန်းနံရံတည်ဆောက် နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရပါတယ်။(NVS 008)
14 Jul