“ဂါနာချို ကို ရောင်းထုတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်တဲ့ ချဲလ်ဆီးအသင်း”

13 Jul

ချဲလ်ဆီးအသင်းဟာ အာဂျင်တီးနားတောင်ပံကစားသမား ဂါနာချို ကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ပြောင်းရွှေ့ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလားမကစားတဲ့ ချဲလ်ဆီးအသင်းသားတွေဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ အသင်းနဲ့ လာရောက် ပူးပေါင်းရမှာ ဖြစ်ပေမယ့် ဂါနာချို ကတော့ ရောက်မလာခဲ့ပါဘူး။ ချဲလ်ဆီးအသင်းက ဂါနာချို ရဲ့ပြောင်းရွှေ့ကြေးကို ပြည်ပကလပ်တွေအနေနဲ့ ယူရိုသန်း ၅၀ နှင့် ပရီးမီးယားလိဂ်ကလပ်တွေအနေနဲ့ ပေါင် ၄၅ သန်း သတ်မှတ်ထားတယ် လို့ သတင်းတွေကနေ ဖော်ပြခဲ့ပါတယ်။ ဂါနာချို ကလည်း စီးရီးအေကလပ် ရိုးမားအသင်းသို့ ပြောင်းရွှေ့ကစားလို နေတယ်လို့ သိရပါတယ်။ ရိုးမားအသင်းက ဂါနာချို ကို ကနဦးအငှားနဲ့သာ ခေါ်ယူလိုနေပြီး ချဲလ်ဆီးအသင်းကတော့ အပြီးတိုင်ရောင်းချဖို့သာ စီစဉ်နေခြင်း ဖြစ်ပါတယ်။ ဂါနာချို ဟာ ပြီးခဲ့တဲ့ရာသီပရီးမီးယားလိဂ်မှာ ၂၄ ပွဲ ကစားခဲ့ရပေမယ့် ၁၀ ပွဲက လူစားဝင်ကစားရပြီး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၎င်းဟာ ပြီးခဲ့တဲ့နှစ်ကမှ မန်ယူအသင်းကနေ ပေါင် သန်း ၄၀ နဲ့ ချဲလ်ဆီးအသင်းကို ရောက်ရှိလာခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ဂါနာချိုရဲ့ အပြောင်းအရွှေ့ကနေ ၁၀ ရာခိုင်နှုန်း ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .