“ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ်ခံရတဲ့ ဖော်လန်”

13 Jul

ဥရုဂွေးတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန် ဟာ ဥရုဂွေးလက်ရွေးစင်အသင်းရဲ့ ယာယီနည်းပြအဖြစ် ခန့်အပ် ခံခဲ့ရကြောင်း သိရပါတယ်။ ဥရုဂွေးအသင်းရဲ့နည်းပြ ဘီယဲလ်ဆာ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်သွားတဲ့အတွက် ဖော်လန် ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဖော်လန်က ဥရုဂွေးလက်ရွေးစင်အသင်းနဲ့ ဥရုဂွေးယူ-၂၀ အသင်းကို ပူးတွဲကိုင်တွယ်သွားရမှာဖြစ်ပြီး လက်ရွေးစင်အသင်းကို ၂၀၂၇ မတ်လအထိ ကိုင်တွယ်ရမယ်လို့ သိရပါတယ်။ အဆိုပါကာလအတွင်း ဖော်လန် ရဲ့ စွမ်းဆောင်ရည်ကို ဥရုဂွေး ဘောလုံးအဖွဲ့ချုပ်က ကျေနပ်သဘောကျခဲ့မယ်ဆိုရင် လက်ရွေးစင်နည်းပြအဖြစ် တရားဝင်ခန့်အပ်ဖို့ ရည်ရွယ်ထားပြီး စွမ်းဆောင်ရည်ကို သဘောမကျဘူးဆိုရင်တော့ ၂၀၂၇ မတ်လနောက်ပိုင်းမှာ ဥရုဂွေးယူ-၂၀ အသင်းကိုသာ ကိုင်တွယ် သွားရမှာဖြစ်ကြောင်း သိရပါတယ်။ ဖော်လန် က ဥရုဂွေးကလပ်တွေဖြစ်တဲ့ ပင်နဲရိုးနဲ့ အာတေနက်စ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ၂၀၂၁ နောက်ပိုင်းမှာတော့ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .