“အိုမန်ကမ်းရိုးတန်း၌ အိန္ဒိယကုန်သွယ်ရေးသင်္ဘော တိုက်ခိုက်ခံရမှုအပေါ် အိန္ဒိယအစိုးရရှုတ်ချ”
13 Jul
အိုမန်ကမ်းရိုးတန်း၌ အိန္ဒိယနိုင်ငံသားများတင်ဆောင်လာသော “GFS Galaxy” အမည်ရှိ ကုန်သွယ်ရေး သင်္ဘောအား ဇူလိုင်လ ၁၂ ရက်တွင် တိုက်ခိုက်ခံရမှုကို အိန္ဒိယအစိုးရက ရှုတ်ချခဲ့ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံသား ၁၀ ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း တစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေသတွင်းကုန်သွယ်ရေးသင်္ဘောများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခြင်းကို အဆုံးသတ်ရမည်ဖြစ်ပြီး လွတ်လပ်စွာရေကြောင်းသွားလာမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ ကို အမြန်ဆုံး ပြန်လည်ထူထောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အိုမန်နိုင်ငံရှိ အိန္ဒိယသံရုံးက ကုန်သွယ်ရေးသင်္ဘော တိုက်ခိုက်ခံရမှုအခြေအနေကို အနီးကပ်စောင့်ကြည့် နေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် အိုမန်အာဏာပိုင်များနှင့် ရှေ့ဆောင်ပူးပေါင်းဆောင်ရွက်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ဒေသတွင်း ကုန်သွယ်ရေးသင်္ဘောများ တိုက်ခိုက်မှုများအပေါ် အလွန်စိုးရိမ် ဖွယ်ကောင်းကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရ သည်။