“ဂါဇာဒေသရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခက်အခဲကြုံတွေ့နေရ”

13 Jul

ဂါဇာဒေသတွင် ဆေးဝါး၊ ဆေးကိရိယာနှင့် လူနာတင်ယာဉ်များရှားပါးမှုကြောင့် လူနာထောင် ပေါင်းများစွာ အတွက် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း ကျန်းမာရေးတာဝန်ရှိသူ များက ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားသည်။ အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ပြီးသည့်အချိန်မှစတင်၍ ဆေး ကုသရေးအဖွဲ့များ ဒေသတွင်းသို့လာရောက်ခြင်းမရှိဘဲ ဆေးဝါးနှင့်ကုသရေးကိရိယာများမှာလည်း လုံလောက်စွာ မရှိကြောင်းနှင့် ရောဂါစမ်းသပ်စစ်ဆေးခြင်း လုပ်ငန်းများမှာလည်း ဆောင်ရွက်မှုအားနည်းသည်ကို တွေ့ရှိရ ကြောင်း ဂါဇာဒေသကျန်းမာရေးအဖွဲ့အစည်းမှ တာဝန်ရှိသူ အဗူအဖတ် က ပြောကြားသည်။ ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသည့် လူနာ ၂၄,၀၀၀ မှာ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက် မှုကိုမရရှိဘဲ ယင်းတို့အနက် သွေးတိုးရောဂါခံစားနေရသူ သုံးသိန်းရှိကြောင်း ၎င်းကပြောကြားသည်။ ထို့ပြင် နွေရာသီအပူဒဏ်ကြောင့် ခိုလှုံရေးစခန်းများတွင် ကူးစက်ရောဂါများပျံ့နှံ့နေကြောင်း သိရသည်။ ဒေသတွင်းရှိ လူနာတင်ယာဉ် ၇၀ ရာခိုင်နှုန်းသည် တိုက်ခိုက်ခံရခြင်း၊ စက်ပိုင်းဆိုင်ရာချို့ယွင်းမှုများနှင့် အပိုပစ္စည်းများ ချို့တဲ့မှု ကြောင့် ဝန်ဆောင်မှုအားနည်းနေကြောင်း၊ တာယာများနှင့် အပိုပစ္စည်းများဝင်ရောက်မှုကို ပိတ်ပင်ထားခြင်း ကြောင့်လည်း လူနာသယ်ယူပို့ဆောင်ရေးစနစ်ကို ရပ်တန့်သွားစေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်ဟု ဆင်ဟွာ သတင်းဌာနဖော်ပြချက်အရ သိရသည်။

13 Jul

ADVERTISE HERE .