“တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့မှာ ဆေးရုံများ ပြန်လည်ဖွင့်လှစ်”

13 Jul

တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့တို့မှာ မြို့နယ်ပြည်သူ့ဆေးရုံများ ဖွင့်လှစ်ပြီဖြစ်ရာ မြို့ပေါ်သာမက ကျေးရွာ များမှ ဒေသခံပြည်သူများပါလာရောက်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။ အဆိုပါဆေးရုံများမှာ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း ၂၈၅ ဦးနဲ့ လူနာပေါင်း ၁၃,၆၇၇ ဦးကို ဆေးကုသမှု ပေးနိုင်ခဲ့ပြီး ကုသရေးပစ္စည်းများနှင့်ဆေးဝါးများ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဖလမ်းမြို့ပြည်သူ့ဆေးရုံသို့ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၁၀ ရက်မှာ သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရပါတယ်။ ဖလမ်းမြို့၊ ယာယီပြည်သူ့ဆေးရုံတွင် ဆေးရုံပြင်ဆင်စီမံထားရှိမှုအခြေအနေ၊ (Mobile)ခွဲစိပ်ခန်း တပ်ဆင် ထားရှိမှုအခြေအနေ၊ ရေရရှိမှုအခြေအနေ၊ မီးရရှိမှုအခြေအနေ၊ ဆေးရုံထပ်မံတိုးချဲ့နိုင်မည့်အခြေအနေ၊ ဓါတ်ခွဲခန်း သုံးပစ္စည်းများ၊ ဆေးဝါးများရရှိမှု အခြေအနေနှင့် ဆေးကုသပေးနေမှုအခြေအနေတို့ကို ဆေးရုံအုပ်ကြီးနှင့် ဆေးရုံ ဝန်ထမ်းများမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရပါတယ်။ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်သူ့ဆေးရုံအတွက် လိုအပ်တဲ့ ဓါတ်ခွဲခန်းသုံးပစ္စည်းများနှင့် ဆေးဝါးများကို နိုင်ငံတော်မှ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ပေးပို့လျက်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က မြန်မာ့စီးပွားရေးဘဏ်ခွဲ(ဖလမ်းမြို့)၊ ပြည်သူ့ဝန်ဆောင်မှုရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ အုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများစသည်တို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .