“ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့ ကုမ္ပဏီများကို EOI ဖိတ်ခေါ်”

13 Jul

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုတဲ့ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များကို စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest - EOI) တင်သွင်းရန် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်မှုကော်မတီကနေ ဖိတ်ခေါ်ထားပါတယ်။ အဆိုပါဖိတ်ခေါ်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မန္တလေး-လားရှိုးလမ်းမကြီး၊ ၂၁ မိုင်အနီး ပတ်ဝန်းကျင်ရှိ မြေဧရိယာ ၂,၂၀၀ ဧကအတွင်းရှိ ၁,၄၀၀ ဧကကို Soft-based Industry အခြေခံတဲ့ ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်၍ စိတ်ပါဝင်စားသော ပြည်တွင်း၊ပြည်ပကုမ္ပဏီများအနေနဲ့စိတ်ဝင်စားမှုအဆိုပြုလွှာတင်သွင်းနိုင်ကြောင်းဖိတ်ခေါ်ထားပါတယ်။ အဆိုပြုလွှာပုံစံများကို ဇူလိုင်လ ၁၀ ရက်မှစတင်၍ ဩဂုတ်လ ၁၀ ရက်အထိ ရုံးချိန်အတွင်း ရောင်းချပေး သွားမည်ဖြစ်ကြောင်း ဝယ်ယူပြီးအဆိုပြုလွှာများကိုလည်း ဩဂုတ်လ ၂၅ ရက်မှာ ပြန်လည်တင်သွင်းရမှာဖြစ်ပါတယ်။ အဆိုပြုလွှာပုံစံ များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၀)၊ နေပြည်တော်မှာ ရောင်းချပေးသွားမှာဖြစ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .