“ဘီးလင်းမြို့နယ်မှာ ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုဖွင့်လှစ်ကာ ရေဘေးသင့်သူများကို နေရာချထား”
13 Jul
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၂ စုမှ မြေနိမ့်ပိုင်းရှိ နေအိမ်များမှာ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိပါတယ်။ အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စု ၆ ခုမှ ရေဘေးသင့်အိမ်ထောင်စု ၄၂၇ စုမှ လူဦးရေ ၁,၆၂၆ ဦးတို့ကို လုံခြုံရေး အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၉ ခုသို့ ရွှေ့ပြောင်းနေရာချထားပေးခဲ့ပါတယ်။ ဒါ့အပြင် ရေဘေးသင့်သူများအတွက် ဆန်၊ ရေသန့်၊ ကြက်ဥ၊ မုန့်ခြောက်နှင့် ခေါက်ဆွဲခြောက်များ ပေးအပ် ကူညီနိုင်ရေးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဘီးလင်း မြစ်ရေက ဇူလိုင်လ ၁၂ ရက်မွန်းလွဲပိုင်းမှာ မြို့၏စိုးရိမ်ရေမှတ်အထက် ၁၀၂၉ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိ နေကြောင်း သိရပါတယ်။ (NVS 008)