“ကမ္ဘာ့ဖလားပြိုင်ပွဲ ပျမ်းမျှရမှတ် အများဆုံးနည်းပြစာရင်းတွင် စကာလိုနီ ထိပ်ဆုံး၌ဦးဆောင်”

12 Jul

ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတွင် ပျမ်းမျှရမှတ်အများဆုံး နည်းပြစာရင်း၌ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ က ၁၂ ပွဲ တာဝန်ယူကိုင်တွယ်ပြီးချိန်တွင် ၂ ဒသမ ၇၅ မှတ်ဖြင့် ထိပ်ဆုံး၌ဦးဆောင်နေကြောင်း သိရပါတယ်။ နည်းပြ စကာလိုနီ ရဲ့နောက်တွင် နောက်ပိုင်းနှစ်များ၌ ပြင်သစ်အသင်းကို အောင်မြင်မှုများရယူပေးနိုင်ခဲ့သည့် နည်းပြ ဒက်ချမ့် က ၂၅ ပွဲ တာဝန်ယူကိုင်တွယ်ပြီးချိန်တွင် ၂ ဒသမ ၄၈ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေပါတယ်။ ၎င်းတို့နှစ်ဦးနောက်တွင် ဘရာဇီးအသင်း နည်းပြဟောင်းများဖြစ်သည့် ဆန်တာနာ က ၁၀ ပွဲတွင် ၂ ဒသမ ၄၀ မှတ်၊ စကိုလာရီ က ၂၁ ပွဲတွင် ၂ ဒသမ ၃၃ မှတ်၊ နယ်သာလန်အသင်းနည်းပြဟောင်း ဗန်ဂါးလ် က ၁၂ ပွဲတွင် ၂ ဒသမ ၃၃ မှတ်ဖြင့် ရပ်တည်လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .