“တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို ဇူလိုင်လ ၁၆ ရက်တွင် စတင်ထုတ်ယူနိုင်မည်”

12 Jul

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို ဇူလိုင်လ ၁၆ ရက်မှစတင်ကာ ကြိုတင် ရက်ချိန်းရယူ၍ ထုတ်ယူနိုင်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းများကို Online မှ ကြိုတင်လျှောက်ထားသည့်စနစ်ဖြင့် ထုတ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီး ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့မှစတင်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ DME Online Service Portal ဖြစ်သော https://osp. dme.gov.mm တွင် ကြိုတင်ရက်ချိန်းရယူ လျှောက်ထားရမှာဖြစ်ပါတယ်။ အမှတ်စာရင်းများကို ဇူလိုင်လ ၁၆ ရက် ကြာသပတေးနေ့မှစတင်၍ မိမိလျှောက်ထားခဲ့သည့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော် (သို့မဟုတ်) မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးခွဲ)၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တို့တွင် DME Online Service Portal ကထုတ်ပေးသည့် QR Code နှင့် လုပ်ငန်း စဉ်နံပါတ်ပြသ၍ လာရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။ လာရောက်ထုတ်ယူရန် အခက်အခဲရှိသူများအနေဖြင့် DME Online Service Portal တွင် လျှောက်ထားပါက မြန်မာ့စာတိုက်လုပ်ငန်း၏ စာပို့စနစ်ဖြင့် ပို့ဆောင်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 008)

12 Jul

ADVERTISE HERE .