“မိမိကို လုပ်ကြံရန်ဆောင်ရွက်လာပါက အီရန်ကို ပြင်းထန်စွာတိုက်ခိုက်မည်ဟု ထရမ့် ပြော”
12 Jul
အီရန်နိုင်ငံအနေဖြင့် မိမိကိုလုပ်ကြံရန် ဆောင်ရွက်လာပါက အမေရိကန်နိုင်ငံက အီရန်နိုင်ငံကို ပြင်းထန်စွာ တိုက်ခိုက်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သတိပေးစကားပြောသည်။ လက်ရှိတွင် အမေရိကန်နိုင်ငံက ပစ်မှတ်မှတ်ပုံတင်ပြီး ပစ်လွှတ်ရန်အသင့်ဖြစ်နေသည့် ဒုံးကျည်အစင်း ၁,၀၀၀ ရှိကြောင်း၊ ထိုဒုံးကျည်များကို ပစ်လွှတ်ပြီးပါက နောက်ထပ်ဒုံးကျည် ထောင်ပေါင်းများစွာက ထက်ကြပ် မကွာလိုက်လာလိမ့်မည်ဖြစ်ကြောင်း ထရမ့် က လူမှုကွန်ရက်တွင် ရေးထားသည်။ “အီရန်နိုင်ငံရဲ့နေရာတိုင်းကို မီးလောင်တိုက်သွင်းပြီး ဖျက်ဆီးနိုင်ဖို့အတွက် အချိန်တစ်နှစ်စာအထိ အသင့်ပြင်ဆင်ထားပြီးပါပြီ။ လိုအပ်ရင် အချိန်ကိုထပ်ပြီးဆွဲဆန့်နိုင်ပါတယ်။ အမိန့်တွေကတော့ ပေးထား ပြီးသားပါ။ အမေရိကန်တပ်မတော်ကလည်း အသင့်ဖြစ်နေပါပြီ”ဟု ထရမ့် ကပြောသည်။ တစ်ဖက်တွင်မူ နှစ်နိုင်ငံကြားရရှိထားသည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ပျက်ပြယ်သွား ပြီဖြစ်ကြောင်း ပြောထားစဉ်မှာပင် အီရန်နှင့်ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက သဘောတူထားကြောင်း ထရမ့် ကပြောထားသည်ဟု သိရသည်။