“နျူကလီးယားဖျက်သိမ်းရေးကို အမေရိကန်၏မဟာမိတ်များမှ စတင်သင့်ဟု မြောက်ကိုရီးယားပြော”

12 Jul

ယခုသီတင်းပတ်တွင် ကျင်းပပြီးစီးသည့် NATO တပ်ဖွဲ့ ထိပ်သီးအစည်းအဝေးအပြီး၌ ထိုတပ်ဖွဲ့၏ စစ်ရေးအင်အားတိုးမြှင့်လာခြင်းနှင့် လက်နက်အပြိုင်အဆိုင် တပ်ဆင်နေခြင်းကို မြောက်ကိုရီးယားအစိုးရက အပြစ်တင်ရှုတ်ချသည့်အပြင် နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို အမေရိကန်၏မဟာမိတ်များမှ စတင် သင့်ကြောင်းပြောလိုက်သည်ဟုသိရသည်။ NATO အဖွဲ့ခေါင်းဆောင်များက မြောက်ကိုရီးယား၏ အချုပ်အခြာအာဏာကျင့်သုံးမှုကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် ပုံဖော်နေကြောင်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကိုကိုးကား၍ နိုင်ငံပိုင် KCNA သတင်းဌာနကဖော်ပြထားသည်။ ထို့ပြင် NATO အဖွဲ့သည် စစ်လက်နက်ပစ္စည်းများအတွက် အသုံးစရိတ်တိုးမြှင့်ခြင်းနှင့် အာရှ-ပစိဖိတ် ဒေသရှိ မဟာမိတ်များနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ခြင်းဖြင့် ဒေသတွင်း ထိပ်တိုက်တွေ့ဆုံမှု များကို ပိုမိုတွန်းအားပေးနေကြောင်းလည်း မြောက်ကိုရီးယားအစိုးရကပြောသည်။ ယင်းအစည်းအဝေးတွင် NATO အဖွဲ့ဝင်များသည် ဒေါ်လာ ဘီလီယံ ၅၀ တန်ဖိုးရှိ စစ်လက်နက်များဝယ်ယူမည်ဟု ကြေညာထားသည်။

12 Jul

ADVERTISE HERE .