အာဆင်နယ်အသင်းက နယူးကာဆယ်ကစားသမား ဂီမာရေ့စ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ
11 Jul
အာဆင်နယ်အသင်းက နယူးကာဆယ်အသင်းမှ ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ် ကို ၅ နှစ် စာချုပ်နဲ့ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကို ကာကွယ်ရမယ့် အာဆင်နယ်အသင်း က အသင်းကို ပြင်ဆင်အားဖြည့်မှုတွေပြုလုပ်ရန်အတွက် ကစားသမား များ ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ ဂီမာရေ့စ်က ဦးစားပေးပစ်မှတ်ကစားသမားတစ်ဦးအဖြစ် ပါဝင်နေခြင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဂီမာရေ့စ်အတွက် နယူးကာဆယ်အသင်းထံ ကမ်းလှမ်းမှုပြုလုပ်နေစဉ် ကာလအတွင်း ကစား သမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၈ အရွယ် ဂီမာရေ့စ်ဟာ နယူးကာဆယ်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်အတွင်း နယူးကာဆယ်အသင်းက ၎င်း၏ဒုတိယအိမ်ဖြစ်ကြောင်းပြောကြားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာတော့ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လိုကြောင်း အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ကြောင်း သိရပါတယ်။ လက်ရှိနွေရာသီမှာ နယူးကာဆယ်အသင်းက အဓိကကစားသမားတွေဖြစ်တဲ့ ဂေါ်ဒွန်နဲ့တိုနာလီ တို့ကို ဆုံးရှုံးထားရတာကြောင့် ဂီမာရေ့စ်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပေမဲ့ အာဆင်နယ်အသင်းက ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိသွားပြီဖြစ်တာကြောင့် ပြောင်းရွှေ့ကြေးညှိနှိုင်းရတော့မှာဖြစ်ပြီး ပေါင်သန်း ၈၀ ဝန်းကျင် နဲ့လက်လွှတ်ရဖွယ်ရှိကြောင်း မီဒီယာတွေက သုံးသပ်ဖော်ပြနေကြပါတယ်။ (NVS 008)