ကမ္ဘောဒီးယားနိုင်ငံကျင်းပတဲ့ ဒေသတွင်းနှီးနှောဖလှယ်ပွဲသို့ ကမ္ဘောဒီးယားဆိုင်ရာ မြန်မာသံအမတ်ကြီးသည် တက်ရောက်

11 Jul

ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် ဇူလိုင်လ ၉ ရက်မှ ၁၁ ရက်ထိ ဆီရမ်ရိမြို့မှာ ကျင်းပတဲ့ LMC and Multilateralism: Challenges and Ways Forward for Shared Growth ဒေသတွင်းနှီးနှောဖလှယ်ပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှအဖွဲ့ဝင် ဦးကိုကိုမောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး H. E . Mr. MEAS Kim Heng က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကိုကိုမောင် က “နိုင်ငံရေးနှင့်လုံခြုံရေးရှုထောင့်” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲတွင်လည်းကောင်း၊ ဒေါ်ကယ်ရယ်အင်(န်)ချစ်သာ က “ယန္တရားရေးဆွဲပုံဖော်ခြင်းနှင့် မူဝါဒ ကိုက်ညီမှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့်ပြုလုပ်တဲ့ ဆွေးနွေးပွဲတွင်လည်းကောင်း အဓိကဆွေးနွေးသူများအဖြစ် ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 004)

11 Jul

ADVERTISE HERE .