ဖလမ်းမြို့သို့ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စုများအား အခြေခံစားနပ်ရိက္ခာနှင့် လူသုံးကုန် ပစ္စည်း များ ထောက်ပံ့
11 Jul
ချင်းပြည်နယ်တွင် နေရပ်စွန့်ခွာ၍ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားကို ဇူလိုင်လ ၉ ရက်က ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည် ဝင်ရောက်လာတဲ့ ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပါတယ်။ ဒုတိယဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ နိုင်ငံတော်မှကူညီပံ့ပိုးသော အိမ်ထောင်စုများ အတွက် အခြေခံလိုအပ်တဲ့ လူသုံးကုန်ပစ္စည်း ၁၆ မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့်စားရေရိက္ခာများကို နေရပ် စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူများအား ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ဒါ့အပြင် ထပ်မံ ဝင်ရောက် လာတဲ့ ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထောက်ပံ့ ပစ္စည်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များမှ အိမ်ထောင်စု ၂၀၀ အတွက် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ (NVS 004)