ဝါခေါင်လပြည့်နေ့၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်းပေါင်း ၈၄,၀၀၀ ဖြင့်ပူဇော်မည်

11 Jul

လာမယ့် သြဂုတ်လ ၂၈ ရက်(ဝါခေါင်လပြည့်နေ့)၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား ပန်းပေါင်း ၈၄,၀၀၀ နဲ့ပူဇော်မည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ရွှေတိဂုံ စေတီတော်မြတ်ကြီး၌ ဝါတွင်းကာလ ဗုဒ္ဓပူဇနိယပွဲတော်များနှင့်သီလခံယူပွဲများအဖြစ် ဇူလိုင်လ ၂၉ ရက် (ဝါဆို လပြည့်နေ့)တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနားနှင့်ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲတို့ကို ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် သြဂုတ်လ ၂၈ ရက်(ဝါခေါင်လပြည့်နေ့)တွင်လည်း မေတ္တာအခါတော်နေ့ အခမ်းအနားကိုဆင်ယင်ကျင်းပပြီး ပန်းပေါင်း ၈၄,၀၀၀ နဲ့ပူဇော်သွားမှာဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက် (တော်သလင်းလပြည့်နေ့) တွင် ဂရုဓမ္မအခါတော်နေ့အခမ်းအနားတို့ကိုဆင်ယင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ အောက်တိုဘာလ ၂၅ ရက်(သီတင်းကျွတ်အဖိတ်နေ့)တွင် သီတင်းကျွတ်မီးထွန်းပွဲတော်၊ အောက်တိုဘာလ ၂၆ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင် အဘိဓမ္မာအခါတော်နေ့အခမ်းအနားများကိုလည်း ဆင်ယင်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဝါဆိုလပြည့်နေ့မှစပြီး သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များ တွင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်နိုင်ရန် သီလခံယူပွဲများကိုလည်းစီစဉ်ထားကြောင်း သိရပါတယ်။ (NVS 004)

11 Jul

ADVERTISE HERE .