“ဟော်မုရေလက်ကြား၌ ရေနံတင်သင်္ဘောများ ဖြတ်သန်းမှု နည်းပါးလာ”
11 Jul
အမေရိကန်နှင့်အီရန်နိုင်ငံတို့ကြား အပြန်အလှန်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားပြီးနောက် ဟော်မု ရေလက်ကြား၌ ရေနံတင်သင်္ဘောများဖြတ်သန်းမှုနည်းပါးလာလျက်ရှိကြောင်း သိရသည်။ အဆိုပါ နှစ်နိုင်ငံ အနေဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိပြီးမှ တိုက်ခိုက်မှုများပြန်လည်ဖြစ်ပွားခြင်းဖြစ်သဖြင့် ကမ္ဘာ့ ရေနံထောက်ပံ့ရေးလမ်းကြောင်းကြီးဖြစ်သည့် ဟော်မုရေလက်ကြား၏အခြေအနေများမှာ စိုးရိမ်ဖွယ်ရာ အခြေ အနေသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၀ ရက်တွင် ကမ္ဘာ့ရေနံဈေးနှုန်းများကျဆင်းလာနေသော်လည်း အမေရိကန်နှင့်အီရန်တို့ကြား စစ်ဖြစ်ပွားပြီးနောက်ပိုင်း ရေနံဈေးနှုန်းများပြန်မြင့်တက်လာမည့် အလားအလာရှိနေသည်ဟု ဈေးကွက်လေ့လာသူ များက ပြောသည်။ ဟော်မုရေလက်ကြားပြန်ပွင့်ပြီးနောက် ကမ္ဘာ့ရေနံရောင်းလိုအားသည် တစ်ရက်လျှင် စည်ပေါင်း ၄ ဒသမ ၁ သန်းအထိရှိသော်လည်း စစ်မဖြစ်မီအခြေအနေဖြစ်သည့် တစ်ရက်လျှင် စည်ပေါင်း ၉ ဒသမ ၄ သန်းသို့ ပြန်လည်ရောက်ရှိရန်လိုနေသေးကြောင်း အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီက ထုတ်ပြန်ထားသည် ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။