“ပေါ်တူဂီဆယ်ကျော်သက်ကို အသင်းကစားသမားသစ်အဖြစ်မိတ်ဆက်ခဲ့တဲ့ ချဲလ်ဆီးအသင်း”

10 Jul

ချဲလ်ဆီးအသင်းဟာ ပေါ်တူဂီဆယ်ကျော်သက်တောင်ပံကစားသမား ဂျီယိုဗန်နီကင်ဒါ ကို ကစားသမားသစ် အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ကင်ဒါ ဟာ ချဲလ်ဆီးအသင်းနဲ့ ရှစ်နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆို ခဲ့တာဖြစ်ပါတယ်။ နည်းပြသစ် ရှာဘီအလွန်ဆို လက်ထက်မှာ အတ္တလန်တာအသင်းက ပါလက်စထရာ ပြီးနောက် အသင်းကို ရောက်ရှိခဲ့တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ ကင်ဒါ ရဲ့ ပြောင်းရွှေ့ကြေး အတွက် ပေါင်သန်း ၄၀ ခန့် ကုန်ကျဖွယ်ရှိပါတယ်။ ကင်ဒါ ဟာ ၂၀၂၅ ခုနှစ် မတ်လကတည်းက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီမှု ရထားခဲ့တာဖြစ်ပါတယ်။ ကင်ဒါ ဟာ စပို့တင်းလစ္စဘွန်း အသင်း နဲ့ ၁၆ နှစ်အရွယ် ကတည်းက ပွဲဦးထွက်ခဲ့ပြီး ၈၆ ပွဲ ကစားထားပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .