“အီရန်၏ နံပါတ် (၁) ပစ်မှတ်မှာ မိမိသာဖြစ်ဟု ထရမ့် ပြော”
10 Jul
အီရန်နိုင်ငံ၏ နံပါတ် (၁) ပစ်မှတ်မှာ မိမိသာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ကြေညာ လိုက်သည်။ ဟော်မုရေလက်ကြားအနီးတစ်ဝိုက်တွင် အမေရိကန်နှင့်အီရန်တို့ကြား တိုက်ခိုက်မှုများ ပြန်လည် ပြင်းထန်လာပြီး နှစ်နိုင်ငံကြားသဘောတူထားသည့် အပစ်အခတ်ရပ်စဲရေးသည် ပျက်ပြားသွားပြီဟု ထရမ့် က ပြောပြီးနောက် ယခုကဲ့သို့ ကြေညာလာခြင်းဖြစ်သည်။ ဟော်မုရေလက်ကြား၌ ရေနံတင်သင်္ဘောများကို အီရန်က တိုက်ခိုက်သည်ဟူသောစွပ်စွဲချက်ဖြင့် အမေရိကန်က အီရန်အပေါ် တိုက်ခိုက်မှုများလုပ်ဆောင်သည့်အပြင် တူကီယဲနိုင်ငံ အန်ကာရာမြို့၌ပြုလုပ်သော NATO တပ်ဖွဲ့ထိပ်သီးညီလာခံ၌ ထရမ့် က အီရန်အစိုးရကို ပြင်းပြင်း ထန်ထန်ဝေဖန်ထားသည်။ အီရန်တွင် ခေါင်းဆောင်များစွာရှိကြောင်း၊ ယခုအခါ အဆိုပါ ခေါင်းဆောင်များအားလုံးကို ချေမှုန်းထားပြီး ဖြစ်ကြောင်း၊ နောက်ထပ် တက်လာသည့် ခေါင်းဆောင်များကိုလည်း ချေမှုန်းသွားမည်ဖြစ်ကြောင်းနှင့် တစ်ချိန် တည်းမှာပင် ၎င်းကိုယ်တိုင်ကပင် အီရန်နိုင်ငံ၏ချေမှုန်းခြင်းကို ခံရနိုင်သည့် နံပါတ် (၁) ပစ်မှတ်ဖြစ်နေကြောင်း ထရမ့် က ပြောကြားခဲ့သည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။