“အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်းစီမံကိန်းများကို အစိုးရတာဝန်ယူသည့်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်မည်”

10 Jul

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့်၍ အစိုးရတာဝန်ယူသည့်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး တွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကောင်းမွန်စေရေးက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းတွေကို မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေရှာဖွေပြီး အမြန်ဆုံးဆောင်ရွက်သင့်ကြောင်း၊ အဆိုပါလမ်းကြောင်းများ ဖွင့်လှစ်နိုင်ခြင်းဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်စပ်ဒေသများ ဖွံ့ဖြိုး တိုးတက်မှုနှင့် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပမာဏတိုးမြှင့်ရေးတို့ကို များစွာအထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စီမံကိန်းများအကောင်အထည်ဖော်ရာမှာ လုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်ရန်၊ လမ်းများကို နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီတည်ဆောက်ရန်ကိုလည်း မှာကြားခဲ့ပါတယ်။ အဲဒီနောက် အစည်းအဝေးတက်ရောက်လာကြသူများက အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီး စီမံကိန်း နှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတို့၏ လက်ရှိဆောင်ရွက်ပြီးစီးမှု၊ ကျန်ရှိတဲ့လုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .