“ရထားစီးခရီးသည်များအနေနဲ့ သန့်ရှင်းရေးကို စည်းကမ်းတကျလိုက်နာရန် အသိပေး”

10 Jul

ရထားစီးခရီးသည်များအနေနဲ့ ရထားပေါ်မှာ သန့်ရှင်းရေးကို စည်းကမ်းတကျ အလေးထားလိုက်နာပေးကြရန် မြန်မာ့မီးရထားမှ အသိပေးထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့မီးရထားအနေနဲ့ ခရီးသည်များသက်သောင့်သက်သာ၊ ဘေးကင်းလုံခြုံပြီးဈေးနှုန်းသင့်တင့်စွာသွားလာ နိုင်ရေးအတွက် အဆင့်မြင့်ရထားတွဲဆိုင်းအသစ်များဖြင့် ခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိရာ စည်းကမ်းလိုက်နာခြင်း မရှိတဲ့ ခရီးသည်အချို့ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ကြုံတွေ့ရမှုများရှိကြောင်း ခရီးသည်များက မှတ်ချက်ပြုထားမှုများရှိခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် သန့်ရှင်းသပ်ရပ်ပြီး အခြားခရီးသည်များအတွက် အနှောင့်အယှက်မဖြစ်စေရန်နှင့် ရထားအတွင်း သန့်ရှင်းမှုကိုထိန်းသိမ်းရန်တို့အတွက် ရထားပေါ်မှာ ကွမ်းတံတွေးထွေးခြင်းကို ရှောင်ကြဉ်ပေးရန်၊ ထိုင်ခုံပေါ်တွင် ခြေထောက်တင်ခြင်းမပြုရန်၊ အခြားခရီးသည်များ သန့်ရှင်းစွာအသုံးပြုနိုင်ရန် ထိုင်ခုံများကိုစနစ်တကျ အသုံးပြုပေးရန်နှင့် ဆူညံသံဖြင့် အနှောင့်အယှက် မဖြစ်စေရန်အတွက် ဖုန်းပြောဆိုခြင်း၊ သီချင်းဖွင့်ခြင်းနှင့် စကား ပြောဆိုခြင်းများကိုလည်းအခြားသူများမထိခိုက်စေရေး ထိန်းသိမ်းပေးရန်၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပေးရန် စတဲ့အချက်များကို အသိပေးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .