“ဧရာဝတီဖောင်ဒေးရှင်းက တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား/သူ ၅၀ ဦးကို ပညာသင်ဆုထောက်ပံ့မည်”

10 Jul

ဧရာဝတီဖောင်ဒေးရှင်းက ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအနက် အရည်အချင်းနှင့် ကိုက်ညီသူ ၅၀ ဦးကို ရွေးချယ်ကာ တက္ကသိုလ်ပညာသင်ကြားနေတဲ့ ကာလတစ်လျှောက် ပညာသင်ဆု ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါပညာသင်ဆုရရှိသူများကို လစဉ်ပညာသင်ဆုကြေး ကျပ် ၃ သိန်းနှင့် သင်ထောက်ကူပစ္စည်းများ ဝယ်ယူနိုင်ရန် နှစ်စဉ်ထောက်ပံ့ကြေး ကျပ် ၅ သိန်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ပညာသင်ဆု လျှောက်ထားသူ များအနေနဲ့ မြန်မာနိုင်ငံသားဖြစ်သူ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ထားသူဖြစ်ကာ သက်ဆိုင်ရာတက္ကသိုလ်၊ ကောလိပ်သို့မဟုတ်ပညာရေးအဖွဲ့အစည်းတစ်ခုခုမှာ ဝင်ခွင့်ရရှိထားသူများ လျှောက်ထား နိုင်မှာ ဖြစ်ပါတယ်။ လျှောက်ထားလိုသူများအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထား ကာ ဧရာဝတီဖောင်ဒေးရှင်းရုံးသို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .