“မြို့မဈေး-သပြေကုန်း-ဘောဂသီရိသို့ EV ဘတ်စ်ကားနဲ့ စတင်ပြေးဆွဲပေးနေ”

10 Jul

နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့တွင်းခရီးစဉ်အဖြစ် မြို့မဈေး-သပြေကုန်း-ဘောဂသီရီသို့ EV ဘတ်စ်ကား အသုံးပြု၍ ဂိတ်စ၊ ဂိတ်ဆုံးငွေကျပ် ၁,၀၀၀ နဲ့ ပြေးဆွဲဝန်ဆောင်မှုပေးနေကြောင်း နေပြည်တော် စည်ပင် သာယာရေးကော်မတီမှ သိရပါတယ်။ အဆိုပါကော်မတီ၏ ကြီးကြပ်မှုနဲ့ ရာဇာမင်းယာဉ်လိုင်းမှ Yutong အမျိုးအစား EV ဘတ်စ်ကားအသစ် တစ်စီးနဲ့ ဇူလိုင်လ ၆ ရက်မှစတင်ကာ ပြေးဆွဲပေးလျက်ရှိပြီး ခရီးစဉ်လမ်းကြောင်းအရ နေပြည်တော်မြို့မဈေး၊ Naypyitaw State Academy၊ သပြေကုန်း၊ စည်ပင်ဧည့်ရိပ်သာ၊ ပျဉ်းမနားဆင်ရုပ်၊ မြင်းရုပ်၊ နှင်းဆီပန်းအဝိုင်းနှင့် ဘောဂသီရိ ကားကွင်းသို့ ပျဉ်းမနား-တောင်ညိုလမ်းအတိုင်း ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ အခုလိုပြေးဆွဲပေးရာမှာ နေ့စဉ်မနက် ၆ နာရီမှာမြို့မဈေးကနေစတင်ထွက်ခွာပြီး မနက် ၈ နာရီမှာ ဘောဂသီရိကားဝင်းအတွင်းကနေ လမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။ မနက် ၁၀ နာရီမှာ မြို့မဈေးကနေတစ်ခေါက်၊ နေ့လယ် ၁ နာရီမှာ ဘောဂသီရိကနေ တစ်ခေါက် စုစုပေါင်းတစ်ရက်ကို ၄ ခေါက် ပြေးဆွဲပေးနေတာဖြစ်ကာ အတက်၊ အဆင်း (သို့မဟုတ်) ဂိတ်စ၊ ဂိတ်ဆုံး ယာဉ်စီးခအဖြစ် တစ်ဦးကို ငွေကျပ် ၁,၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .