“ ၁၂ ရက်ကြာပြုလုပ်ခဲ့တဲ့ (၁၆၆)ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုပြီးဆုံး”
10 Jul
၁၂ ရက်ကြာ တရားဥပဒေစိုးမိုးရေး လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် (၁၆၆)ကြိမ်မြောက် မြန်မာ-တရုတ်-လာအို-ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်မှုပြီးဆုံးပြီဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လေးနိုင်ငံပူးတွဲကင်းလှည့်ခြင်းကို “မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် နယ်နိမိတ်မရှိ၊ လက်တွဲ၍ မူးယစ်အန္တရာယ်ပပျောက်အောင်ဆောင်ရွက်စို့” ခေါင်းစဉ်ဖြင့် တရားဥပဒေစိုးမိုးရေးရေယာဉ် ၆ စီး၊ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့ဝင် ၁၀၆ ဦးတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရပါတယ်။ ၁၂ ရက်တာကာလအတွင်း မူးယစ် ဆေးဝါးရာဇဝတ်မှုများကို တိုက်ဖျက်ရန် အဓိကထားပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများ၊ အတုအပပြုလုပ်မှုနှင့်မှောင်ခိုကူးမှုစသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို အရေးယူ နှိမ်နင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် လာအိုနိုင်ငံ၊ Houayxay မြို့၌ ဘက်စုံသတင်းအချက်အလက်ဖလှယ်ပွဲ အစည်းအဝေးကျင်းပ၍ ပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီခဲ့ကြပြီး တရုတ်-လာအို-မြန်မာ သုံးပွင့်ဆိုင် လက်တွေ့စစ်ဆင်ရေးပူးတွဲ စခန်းချလေ့ကျင့်မှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)