“ခရိုအေးရှားအသင်းနှင့် လမ်းခွဲလိုက်တဲ့ ခရိုးအေးရှားနည်းပြ ဒါလစ်”
09 Jul
ခရိုးအေးရှားနည်းပြ ဒါလစ် အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ခရိုအေးရှားဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာခဲ့ပါတယ်။ ခရိုအေးရှားနည်းပြ ဒါလစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းကို ၂၀၁၇ ခုနှစ်မှာ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိခဲ့ကာ ၂၀၂၂ ကမ္ဘာ့ဖလားမှာ တတိယနေရာ ရရှိခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားမှာတော့ ၃၂ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ခရိုအေးရှား အသင်းအနေနဲ့ ခေတ်သစ်စတင်ရမယ့်အချိန်လို့ ယူဆတာကြောင့် လမ်းခွဲခဲ့ခြင်းဖြစ်ကြောင်း ဒါလစ် က ပြောကြား ခဲ့ပါတယ်။ (NVS 008)
09 Jul