“အာဂျင်တီးနားနဲ့ပွဲက ဒိုင်လူကြီးတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက်တာဝန်မပေးဖို့ EFA တောင်းဆို”

09 Jul

အီဂျစ်ဘောလုံးအဖွဲ့ချုပ်(EFA)က အာဂျင်တီးနားနဲ့ပွဲက ဒိုင်လူကြီးတွေကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်လက် တာဝန်မပေးဖို့ တောင်းဆိုခဲ့ပါတယ်။ EFA အနေနဲ့ ကွင်းလယ်ဒိုင်လူကြီး လူတက်ဇီ၊ VAR ဒိုင်များအပါအဝင် ယင်းပွဲက တာဝန်ရှိသူအားလုံးကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ပစ်ဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ EFA က အာဂျင်တီးနားနဲ့ပွဲ တာဝန်ရှိသူတွေဟာ စံနှုန်းနှစ်မျိုးနဲ့ ဆုံးဖြတ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ ဒါ့အပြင် EFA အနေနဲ့ ဒီဒိုင်လူကြီးတွေကို စုံစမ်းစစ်ဆေးဖို့ အထိပါ FIFA ထံ တောင်းဆိုခဲ့ပါတယ်။ EFA က အီဂျစ်အသင်း သွင်းဂိုးတစ်ဂိုး ပယ်ဖျယ်ခံရမှုနဲ့ အာဂျင်တီးနားအသင်း အနိုင်ဂိုးမသွင်းခင် ဆာလာ ပယ်နယ်တီဧရိယာထဲ တက်နင်းခံရမှုကို နှိုင်းယှဉ်ပြောဆိုခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနား - အီဂျစ်ပွဲက ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေထဲမှာ ယူဆချက် အမျိုးမျိုးနဲ့ ဝေဖန်မှုများစွာ ရှိခဲ့ပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .