“အမေရိကန်အမျိုးသားအသင်း ရရှိတဲ့ကမ္ဘာ့ဖလားဆုကြေးကို အမျိုးသမီးအသင်းကိုပါ ခွဲဝေပေးမည်”
09 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရတဲ့ အမေရိကန်အမျိုးသားအသင်းရရှိတဲ့ ကမ္ဘာ့ဖလားဆုကြေးကို အမျိုးသမီးအသင်းကိုပါ ခွဲဝေပေးမယ်လို့ သိရပါတယ်။ အမေရိကန်အမျိုးသားအသင်းဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဆုကြေးငွေ ဒေါ်လာ ၁၆ သန်း ရရှိမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အမျိုးသားအသင်းက ကစားသမား ၂၆ ဦးနဲ့ လာမယ့် ၂၀၂၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အမေရိကန်အမျိုးသမီးအသင်းက ကစားသမား ၂၆ ဦးဟာ ခွဲဝေယူရမှာ ဖြစ်ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ် အမေရိကန်ဘောလုံးလောကမှာ အမျိုးသားနဲ့အမျိုးသမီးအသင်း တန်းတူအခွင့်အရေးရှိသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်အရ ခွဲဝေပေးရတာပါ။အမေရိကန်အမျိုးသမီးအသင်းကစားသမားတွေဟာ ဒီတန်းတူအခွင့်အရေးရဖို့ ခြောက်နှစ်နီးပါး တောင်းဆိုခဲ့ရတာဖြစ်တယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားဆုကြေးငွေကနေ ၂၀ ရာခိုင်နှုန်းကို ရန်ပုံငွေအဖြစ်ထားရှိပြီး ကျန် ၈၀ ရာခိုင်နှုန်း ကို အမျိုးသားနဲ့အမျိုးသမီးအသင်းတွေထံ အညီအမျှ ခွဲဝေပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်သင်းစီဟာ ၄၀ ရာခိုင်နှုန်းအဖြစ် ဒေါ်လာ ၆ ဒသမ ၄ သန်းရဖို့ရှိပြီး ကစားသမားတစ်ဦးစီဟာ ၂၄၆,၁၅၃ ဒသမ ၈၅ဒေါ်လာခန့် ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)