“အမေရိကန်နှင့် အီရန်တို့ကြား တိုက်ခိုက်မှုများ အပြန်အလှန်လုပ်ဆောင်”
09 Jul
အမေရိကန်က အီရန်၏ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်၏အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကလည်း ဘာရိန်းနှင့်ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာ ၈၅ ခုကိုတိုက်ခိုက်ခြင်း အားဖြင့် နှစ်နိုင်ငံကြားတိုက်ခိုက်မှုပြန်လည်လုပ်ဆောင်လာကြောင်း သိရသည်။ အမေရိကန်အလယ်ပိုင်းဒေသ စစ်ဌာနချုပ်က ဇူလိုင်လ ၇ ရက် ညပိုင်းတွင် အီရန်နိုင်ငံရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ကမ်းရိုးတန်းရေဒါစခန်းများနှင့် သင်္ဘောဖျက်ဒုံးကျည်စခန်းများအပါအဝင် ပစ်မှတ် ၈၀ ကျော် ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။ ဟော်မုရေလက်ကြားအတွင်း ကုန်သွယ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရ အပြီးတွင် အမေရိကန်က ယခုကဲ့သို့ တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်သည်။ ယင်းအပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဌာနကလည်း အီရန်၏ရေနံရောင်းချခွင့်လိုင်စင်ကို ရုပ်သိမ်းလိုက်သည်။ အမေရိကန်သမ္မတကလည်း အီရန်နှင့်အပစ်အခတ်ရပ်စဲရေးပြီးသွားပြီဟု ပြောထားသည်။ ဇူလိုင်လ ၈ ရက်တွင် အီရန်က အမေရိကန်စစ်ဘက် ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ကာ အမေရိကန်၏ MQ-9 Reaper ဒရုန်းတစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။