“အမေရိကန်နိုင်ငံ အနေဖြင့် စပိန်နှင့်ကုန်သွယ်မှုများ ချက်ချင်းရပ်ဆိုင်းရန် ထရမ့် အမိန့်ပေး”

09 Jul

အမေရိကန်အနေဖြင့် စပိန်နှင့် အပြန်အလှန်သွားလာလည်ပတ်မှုများအပါအဝင် နှစ်နိုင်ငံကြား ကုန်သွယ်မှု လုပ်ငန်းအားလုံးကို ချက်ချင်းရပ်ဆိုင်းရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၈ ရက်တွင် အမိန့်ပေး လိုက်ကြောင်း သိရသည်။ တူကီယဲနိုင်ငံ အန်ကာရာမြို့၌ ကျင်းပနေသည့် NATO တပ်ဖွဲ့၏ ထိပ်သီးအစည်းအဝေးအတွင်း NATO မဟာမိတ်အဖွဲ့တွင် စပိန်၏ ပူးပေါင်းပါဝင်မှုအားနည်းချက်ကို ထရမ့်က ပြင်းပြင်းထန်ထန်ဝေဖန်ပြီးနောက် ယခုကဲ့သို့ အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ထရမ့်သည် NATO တပ်ဖွဲ့၏ အတွင်းရေးမှူးချုပ် မာ့ရုနှင့်အတူသတင်းထောက်များနှင့် တွေ့ဆုံစဉ် “စပိန်ဟာ အကျိုးမရှိတဲ့နိုင်ငံတစ်ခုပါ။ ကျွန်တော်တို့ စပိန်နဲ့ ဘယ်လို ကုန်သွယ်မှုမျိုးကိုမှ ဆက်မလုပ်ချင်တော့ပါဘူး” ဟု ပြောခဲ့ခြင်းဖြစ်သည်။ ထို့နောက် အမေရိကန်သမ္မတသည် ၎င်း၏အစိုးရအဖွဲ့အား စပိန်နှင့် ကုန်သွယ်ရေးဆက်ဆံမှု များကို ဖြတ်တောက်သွားရန် တရားဝင်ညွှန်ကြားခြင်းဖြစ်သည်။ မကြာသေးမီက စပိန်နိုင်ငံသည် NATO တပ်ဖွဲ့၏ သတ်မှတ်ချက်အသစ်ဖြစ်သော နိုင်ငံ့ဂျီဒီပီ၏ ၅ ရာခိုင်နှုန်းကို စစ်အသုံးစရိတ်အဖြစ် သုံးစွဲရန် တောင်းဆိုချက်ကိုငြင်းဆန်ထားသည်။ ထို့ပြင် အီရန်နှင့်ဖြစ်ပွား သောစစ်ပွဲအတွင်း စပိန်က ၎င်း၏ဝေဟင်ပိုင်နက်အသုံးပြုမှုကိုလည်း ခွင့်ပြုရန် ငြင်းဆန်ထားကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

09 Jul

ADVERTISE HERE .