“ဟိုတယ်/ခရီးကဏ္ဍမြှင့်တင်ရန် ပြင်ဦးလွင်မှာ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း စတင်ဖွင့်လှစ်”

09 Jul

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတကာ ခရီးသွားဧည့်သည်တော်များကိုအဆင့်မီဝန်ဆောင်မှုများ ပေးနိုင်ရန်ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှုနဲ့ တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း (Chinese Culinary Training) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၅ ရက်နံနက်ပိုင်းမှာ ပြင်ဦးလွင်မြို့ရှိ ပန်သစ္စာဟိုတယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ယခုသင်တန်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့အခြေစိုက် Kunming Vocational University of Science and Technology ၏ အနီးကပ်ပူးပေါင်းစီစဉ်မှုဖြင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး၊ ဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တက်ရောက်ကာ သင်တန်းဆိုင်ရာ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ ဖူးကျင့်နိုင်ငံတကာဘာသာစကား သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက မီဒီယာများနှင့်တက်ရောက်လာသူများကို ယခုကဲ့သို့တရုတ်ရိုးရာ အချက်အပြုတ် အတတ်ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် နောင်တွင်ဆက်လက်ဖွင့်လှစ် ဆောင်ရွက်သွားမည့် ရှေ့လုပ်ငန်းစဉ် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။ (NVS 008)

09 Jul

ADVERTISE HERE .