“မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် စတင်အသက်ဝင်ပြီဖြစ်”

09 Jul

မြန်မာနိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံတို့အကြား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူစာချုပ်က ဇူလိုင်လ ၈ ရက်မှစတင်၍ တရားဝင်အသက်ဝင်ပြီဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံး (အော့တာဝါမြို့) က ထုတ်ပြန်အသိပေးထားပါတယ်။ အဆိုပါပြည်ဝင်ဗီဇာကင်းလွတ်ခွင့်ဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနှင့်ဘယ်လာရုစ် နှစ်နိုင်ငံအစိုးရ တို့က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၈ ရက်မှစတင်ကာ တရားဝင် အကျိုးသက်ရောက်မှုရှိလာခြင်းဖြစ်ကြောင်း သိရပါတယ်။ သဘောတူစာချုပ်အရသက်တမ်းရှိ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ မြန်မာနှင့်ဘယ်လာရုစ်နိုင်ငံသားများက တစ်ဖက်နိုင်ငံသို့ ဝင်ရောက်ရာမှာ အိမ်ရှင်နိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ တစ်ကြိမ်လျှင် ရက်ပေါင်း ၃၀ အထိ ဗီဇာကင်းလွတ်စွာ နေထိုင်ခွင့် ရရှိမည်ဖြစ်ပါတယ်။ ဒါ့အပြင် ပြက္ခဒိန်တစ်နှစ်အတွင်း စုစုပေါင်း ရက်ပေါင်း ၉၀ အထိ ဗီဇာကင်းလွတ်ခွင့်နဲ့ နေထိုင်နိုင်မည်ဖြစ်ကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာမြန်မာသံရုံးက အသိပေးထားပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .