“SEAISI 2026 Travelling Seminar မှာ ဒေသတွင်း သံနှင့်သံမဏိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ အသစ်များကို အဓိကထားဆွေးနွေး”

09 Jul

မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်း (Myanmar Iron and Steel Association) ၏ ပူးပေါင်းစီစဉ်မှုဖြင့် SEAISI 2026 Travelling Seminar ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)ရုံးမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးမျိုးသော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ သံနှင့်သံမဏိအသင်းဥက္ကဋ္ဌနှင့် UMFCCI ဒုတိယဥက္ကဋ္ဌတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြပါတယ်။ ဆွေးနွေးပွဲမှာ အရှေ့တောင်အာရှဒေသ သံနှင့်သံမဏိလုပ်ငန်းကဏ္ဍ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ နည်းပညာအသစ်များနှင့် လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .