“ရွှေတိဂုံစေတီတော်တွင် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကို စည်ကား သိုက်မြိုက်စွာ ကျင်းပမည်”

08 Jul

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် ဝါတွင်းကာလအတွင်း ဗုဒ္ဓပူဇနိယပွဲတော်များနှင့် သီလခံယူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ ဇူလိုင်လ ၂၉ ရက်(ဝါဆိုလပြည့်နေ့)တွင် ဓမ္မစကြာအခါတော်နေ့ အခမ်းအနားနှင့် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပွဲကို ကျင်းပမည်ဖြစ်ပြီး၊ ဩဂုတ်လ ၂၈ ရက်(ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့ အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်ထားရှိပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၂၆ ရက်(တော်သလင်းလပြည့်နေ့)တွင် ဂရုဓမ္မအခါတော်နေ့ အခမ်းအနား၊ အောက်တိုဘာလ ၂၅ ရက်(သီတင်းကျွတ်အဖိတ်နေ့)တွင် မီးထွန်းပွဲတော်နှင့် အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့)တွင် အဘိဓမ္မာအခါတော်နေ့ အခမ်းအနားများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်။ ထို့အတူ ဝါဆိုလပြည့်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်/လကွယ်နှင့် ဥပုသ်နေ့များတွင် ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ တရားနာကြား၍ သီလခံယူဆောက်တည်နိုင်ရန် စီစဉ်ထားရှိ ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ထုတ်ပြန်ထားရှိပါတယ်။(NVS 008)

08 Jul

ADVERTISE HERE .