“အောင်ပွဲခံရင်း မတော်တဆဖြစ်ခဲ့တာကြောင့် လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့ ဟန်ဒါဆန်”
07 Jul
အင်္ဂလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂျော်ဒန် ဟန်ဒါဆန် ဟာ အောင်ပွဲခံရင်း မတော်တဆ ဖြစ်ခဲ့တာကြောင့် လက်ကောက်ဝတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ဟန်ဒါဆန် ဟာ မက္ကဆီကိုအသင်းကို အနိုင်ရရှိတဲ့ပွဲအပြီး အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံပြီးနောက် ကြော်ငြာဘုတ်ကိုကျော်ပြီး ကွင်းအတွင်းပြန်ဝင်ရာမှာ ဟန်ချက်လွဲသွားခဲ့တာကြောင့် ပြုတ်ကျကာ လက်နဲ့ ထောက်မိခဲ့ပါတယ်။ ဒါကြောင့် ထမ်းစင်နဲ့ သယ်ထုတ်သွားခဲ့ရပြီး ဆေးရုံမှာကုသမှုခံယူခဲ့ရကြောင်း သိရပါတယ်။ ဟန်ဒါဆန် ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းရဲ့ အရန်ကစားသမားအဖြစ်သာ ရပ်တည်နေရသူဖြစ်ပြီး ပနားမားအသင်းနဲ့ပွဲမှာ ၆ မိနစ်သာ လူစားဝင်ကစားခဲ့ရကြောင်း သိရပါတယ်။ အင်္ဂလန်နည်းပြ တူချယ်က ဟန်ဒါဆန် ရဲ့ ဒဏ်ရာအခြေအနေဆိုးရွားဖွယ်ရှိပြီး ဒီကမ္ဘာ့ဖလားမှာ ပြန်ကစားနိုင်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။ ဟန်ဒါဆန် ဟာ အင်္ဂလန် အသင်းအတွက် ၉၁ ပွဲ ကစားထားသူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကို (၄)ကြိမ်မြောက် ဆင်နွှဲခွင့်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)