“ဇူလိုင်လကုန်ခါနီးမှ ဧရာဝတီအမျိုးသမီးအသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မယ့် မေထက်လူ”
07 Jul
မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်ကစားသမား မေထက်လူ ဟာ ဧရာဝတီအမျိုးသမီးအသင်းရဲ့ပွဲစဉ် ၃ ပွဲကို လွဲချော်မှာဖြစ်ပြီး ဇူလိုင်လကုန်ခါနီးမှ အသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ မေထက်လူ ဟာ ဧရာဝတီအမျိုးသမီးအသင်းရဲ့ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် ၃ ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။ မေထက်လူ ဟာ သူမရဲ့ပညာရေးခရီးလမ်းနဲ့ ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီအသင်းရဲ့ ပွဲစဉ် ၃ ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဧရာဝတီအမျိုးသမီးအသင်းဟာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဥ် (၄) အဖြစ် ဇူလိုင်လ ၈ ရက်တွင် ဇွဲကပင်ယူနိုက်တက်အသင်း၊ ပွဲစဥ် (၅) အဖြစ် ဇူလိုင်လ ၁၄ ရက်တွင် မြဝတီအသင်း၊ ပွဲစဥ် (၆)အဖြစ် ဇူလိုင်လ၂၀ ရက်မှာ ရန်ကုန်ယူနိုက်တက်အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ကြောင်း သိရပါတယ်။ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဧရာဝတီအမျိုးသမီးအသင်းဟာ ဒီရာသီ ပွဲစဥ် (၂) အပြီးထိ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဦးဆောင်နေခဲ့ပေမဲ့ ပွဲစဥ် (၃) မှာ ISPE အသင်းကို ရှုံးနိမ့်ခဲ့လို့ ထိပ်ဆုံးနေရာကနေ ဖယ်ပေးထားရပြီဖြစ်ပါတယ်။ (NVS 008)