“နောက်ကျသွင်းဂိုးနဲ့ ပေါ်တူဂီအသင်းကို အနိုင်ရရှိကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခဲ့တဲ့ စပိန်အသင်း”
07 Jul
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ စပိန်အသင်းက ပေါ်တူဂီအသင်းကို နာကျင် အချိန်ပိုမှာ ရရှိခဲ့တဲ့ သွင်းဂိုးနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုပွဲစဉ်က ရှုံးထွက်ပွဲစဉ်ဖြစ်တာနှင့်အညီ စပိန်အသင်းနှင့် ပေါ်တူဂီအသင်းတို့ အပြန်အလှန်တိုက်စစ်တွေနဲ့ အကြိတ်အနယ်ရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ နှစ်ဖက်အသင်း ကန်သွင်းမှုမှာ ၂၅ ကြိမ်ရှိခဲ့ပေမယ့် ဂိုးပေါက်တည့်မှုမှာ စပိန်အသင်းက ၆ ကြိမ်နှင့် ပေါ်တူဂီအသင်းက ၂ ကြိမ်သာ ရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ ပွဲအချိန်အတွင်း နှစ်ဖက်အတွင်း ဂိုးမရှိသရေဖြစ်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းနာကျင်အချိန်ပိုမှာ စပိန်အသင်းအတွက် အနိုင်ရရှိစေမယ့် သွင်းဂိုးကို လူစားကစားသမား မာရင်းနို က သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ စပိန်အသင်းက ပေါ်တူဂီအသင်းကိုအနိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ ပါတယ်။ (NVS 008)