“ပုဂံမဟာဗောဓိဘုရားမှာ ၁၃ ရာစုလက်ရာနံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်ထပ်မံဖော်ထုတ်တွေ့ရှိ”

07 Jul

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိဘုရား၌ (၁၃) ရာစုခေတ် နံရံပန်းချီဆေးသားလွှာ အထောက်အထားသစ်များကို အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန (Archaeological Survey of India – ASI) မှ ကျွမ်းကျင်ပညာရှင်များက ထပ်မံဖော်ထုတ်တွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ASI အဖွဲ့သည် ရှေးဟောင်းအဆောက်အအုံအမှတ် (၁,၆၇၀) ဖြစ်တဲ့ မဟာဗောဓိဘုရားအပေါ်ထပ် ဂန္ဓကုဋိ တိုက်အတွင်းပိုင်း ထုံးသားလွှာအောက်တွင် နံရံပန်းချီများ ရှိ၊ မရှိကို နမူနာအကွက်ငယ် ၁၃ ကွက်နဲ့ စမ်းသပ်စစ်ဆေး ခဲ့ရာ အရှေ့ဘက်နံရံမှာ ထင်ရှားသော နံရံပန်းချီ ၁ ကွက်နှင့် တောင်ဘက်၊ မြောက်ဘက် နံရံများတွင် ဆေးသား မှိန်နေတဲ့ နံရံပန်းချီ ၁ ကွက်စီ စုစုပေါင်း ၃ ကွက်မှ နံရံပန်းချီဆေးသားလွှာများကို ဖော်ထုတ်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အခုလိုထပ်မံဖော်ထုတ်တွေ့ရှိမှုကြောင့် ၁၃ ရာစုလက်ရာ မဟာဗောဓိဘုရားမှာ နံရံပန်းချီ များတည်ရှိကြောင်း အတည်ပြုနိုင်ခဲ့ပြီး ပုဂံဒေသရှိ နံရံပန်းချီပါ ရှေးဟောင်းဘုရားတစ်ဆူ ထပ်မံတိုးလာခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူများ မဟာဗောဓိဘုရားကို နိုင်ငံဖြတ်ကျော် ပူးတွဲအဆိုပြု ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဘုရားအတွင်းရှိ နံရံပန်းချီများကိုလည်း ဆက်လက်ဖော်ထုတ် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .