“စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်များကို ပြန်လည်ပြုပြင်မည်”

07 Jul

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်များကို ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ထားသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြန်လည်ပြုပြင်တည်ထားနိုင်ရန် မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အသင်း(AMJSEDC)မှဦးဆောင်၍ မတည်လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ကုသိုလ်ယူလှူဒါန်းလိုသူများအနေနဲ့ အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရပါတယ်။ လက်ရှိအချိန်၌ AMJSEDC ၏ မတည်လှူဒါန်းငွေများနဲ့ ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်တဲ့အချိန်မှ ၁ နှစ်အတွင်းပြီးစီးအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်များကို ရှေးမူမပျက် ပြန်လည်ပြုပြင်ခြင်းက မြန်မာ-ဂျပန်နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် သမိုင်းဝင်အမွေအနှစ်များကို ရေရှည်ထိန်းသိမ်းရာ ရောက်ကြောင်း သိရပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .