“လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် လမ်းညွှန်မှာကြား”
07 Jul
ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေးကြိုတင်ကာကွယ်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမမှာ ဇူလိုင်လ ၃ ရက်က ကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က မိုးရာသီမှာဖြစ်ပေါ်တတ်တဲ့ သဘာဝဘေးအန္တရာယ်များကို ကြိုတင် ကာကွယ်ရန် လိုအပ်သလို၊ ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးနိုင်သည့် စိုက်ပျိုးသီးနှံများအတွက်လည်း အချိန်မီ ပြန်လည်ကုစားစိုက်ပျိုးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒေသအလိုက် စားရေရိက္ခာဖူလုံစေရန်အတွက် စိုက်ပျိုးရေရရှိရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုပါ တိုးချဲ့ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ (NVS 008)