“ပေါက်တောချောင်းရေစီးရေလာကောင်းမွန်ရေး Box Culvert တည်ဆောက်နေ”

07 Jul

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ပေါက်တောချောင်းကို ရေစီးရေလာကောင်းမွန်ရေးအတွက် Box Culvert တည်ဆောက်လျက်ရှိကြောင်း သိရပါတယ်။ အင်းစိန်မီးရထားခုံးကျော်တံတားအဆင်း လှိုင်မြစ်လမ်းရှိ ပေါက်တောချောင်းအား ရေစီးရေလာကောင်းမွန် စေရေးအတွက် Box Culvert တည်ဆောက်လျက်ရှိရာ ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင် က ဇူလိုင်လ ၄ ရက်မှာ ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ကုန်မြို့တော်ဝန်က ဒလမြို့နယ်၊ ဒလ-တွံတေးလမ်းကို မြဝတီမင်းကြီး လမ်းမှ ဒလတံတားအဆင်းလမ်းဆုံအထိ အရှည် ၁,၁၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ကွန်ကရစ်လမ်းတိုးချဲ့နေမှု၊ ကမာကဆစ်ဈေးသန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများနှင့် စက်မြေရပ်ကွက်၊ ဆရာစံလမ်းဘေးရေစီးရေလာ ကောင်းမွန်စေရေး စက်ယန္တရားများနဲ့ ရေမြောင်းဆယ်ယူရှင်းလင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .