“အားကောင်းသော တိုင်ဖွန်းမုန်တိုင်း ဘာဗီကြောင့် ကပ်ဘေးသင့်ပျက်စီးမှုများဖြစ်နိုင်ဟုဆို”

07 Jul

အဆင့် ၅ ဟာရီကိန်းမုန်တိုင်းနှင့်ညီမျှသည့် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းဘာဗီသည် ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင် ရိုတာကျွန်းသို့ ဇူလိုင်လ ၆ ရက်တွင် ဝင်ရောက်တိုက်ခတ်နေကြောင်း မိုးလေဝသဌာနက ထုတ်ပြန်လိုက်ပြီး ထိုမုန်တိုင်းကြောင့် ကပ်ဘေးသင့်ပျက်စီးမှုများဖြစ်နိုင်ကြောင်း သတိပေး ထားသည်။ ဘာဗီတိုင်ဖွန်းမုန်တိုင်း၏ ဗဟိုချက်သည် ရိုတာကျွန်းကို ဖြတ်သန်းနေပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၈၀ အထိ ပြင်းထန်နိုင်ကာ လေတိုက်နှုန်း မိုင် ၁၅၀ ကျော်ရှိတဲ့ ကပ်ဘေးသင့်လေပြင်းတိုက်ခတ်မှုတွေ ဆက်လက် ဖြစ်ပွားနေကြောင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် လူဦးရေ ၁,၅၀၀ ခန့်သာနေထိုင်သော ရိုတာကျွန်း၏ နေရာအများအပြားသည် ရက်သတ္တပတ်ပေါင်းများစွာ လူနေထိုင်၍မရနိုင်လောက်အောင် ပျက်စီးနိုင်ပြီး လူနေအိမ် များမှာလည်း လုံးဝပြိုကျပျက်စီးနိုင်ကြောင်းနှင့် လျှပ်စစ်မီးပြတ်တောက်မှုများသည် လပေါင်းများစွာအထိ ကြာမြင့်နိုင်ကြောင်း BP သတင်းဌာနဖော်ပြချက်အရ သိရသည်။

07 Jul

ADVERTISE HERE .