“တရုတ်၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောက ပစိဖိတ်သမုဒ္ဒရာအတွင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်”

07 Jul

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်း က ပစိဖိတ်သမုဒ္ဒရာတွင် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန များက ဇူလိုင်လ ၆ ရက်တွင်ထုတ်ပြန်ထားသည်။ လေ့ကျင့်ရေးထိပ်ဖူးတပ်ဆင်ထားသည့် ထိုအမြင့်ပျံဒုံးကျည်ကို မွန်းတည့် ၁၂ နာရီ ၁ မိနစ်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် ပင်လယ်ပြင်အတွင်းရှိပစ်မှတ်သို့ တိကျစွာကျရောက်ခဲ့ကြောင်း သတင်းဌာနများကဖော်ပြထားသည်။ ယခုပစ်လွှတ်မှုသည် ပုံမှန်နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု အစီအစဉ်သာဖြစ်ပြီး မည်သည့်နိုင်ငံ သို့မဟုတ် ပစ်မှတ်ကိုမျှ ရည်ရွယ်ခြင်းမရှိကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ထို့ပြင် ယခုလုပ်ဆောင်သည့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ၁၉၈၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရေငုပ်သင်္ဘောအခြေစိုက် မဟာဗျူဟာမြောက်ဒုံးကျည်စမ်းသပ်မှု ဖြစ်သည်။ ယခုစမ်းသပ်မှုသည် နျူကလီးယား ဖြင့် လက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိသော တရုတ်နိုင်ငံ၏ ရေအောက်စစ်အင်အားပြမှုတစ်ခုလည်း ဖြစ်သည်။ အထူးသဖြင့် သမုဒ္ဒရာရေနက်ပိုင်းထဲတွင် လပေါင်းများစွာကြာနေထိုင်နိုင်သော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကြောင့် အကယ်၍ နိုင်ငံက နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်ခံရသည့်တိုင် လက်တုံ့ပြန်တိုက်ခိုက်နိုင်စေမည့် စွမ်းဆောင်ရည်ကို ပိုင်ဆိုင်နိုင်ခြင်းဖြစ်ကြောင်း လေ့လာသူများကပြောသည်ဟု SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။

07 Jul

ADVERTISE HERE .