“OPEC+ အဖွဲ့က ရေနံထုတ်လုပ်မှုကို တစ်ရက်လျှင် စည် ၁၈၈,၀၀၀ တိုးမြှင့်မည်”

06 Jul

ကမ္ဘာ့ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့နှင့် မဟာမိတ်များ(OPEC)သည် ဩဂုတ်လမှစ၍ ရေနံစိမ်းထုတ်လုပ်မှုကို တစ်ရက်လျှင် စည် ၁၈၈,၀၀၀ ထပ်မံတိုးမြှင့်သွားရန် ဇူလိုင်လ ၅ ရက်တွင် သဘောတူလိုက်ကြောင်းသိရသည်။ ယခုဆုံးဖြတ်ချက်သည် ၂၀၃ ခုနှစ် ဧပြီလကတည်းက ချမှတ်ထားသော တစ်ရက်လျှင် ရေနံစိမ်းစည် ၁ ဒသမ ၆၅ သန်း လျှော့ချထုတ်လုပ်မည့်အစီအစဉ်ကို စနစ်တကျဖြေလျှော့ပေးရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ၅ လဆက်တိုက် ထုတ်လုပ်မှုပမာဏကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးခြင်းလည်း ဖြစ်သည်။ ထိုရေနံထုတ်လုပ်မှု ကန့်သတ်ချက်ပြင်ဆင်မှုကို အဓိကအဖွဲ့ဝင် ၇ နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျ၊ ရုရှား၊ အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်ဂျီးရီးယားနှင့် အိုမန် တို့က ဦးစီး လုပ်ဆောင်သွားမည်ဖြစ်သည်။ ဩဂုတ်လ အတွက် ခွဲတမ်းများအရ ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံတို့သည် တစ်ရက်လျှင် ရေနံစိမ်းစည် ၆၂,၀ဝ၀ စီ၊ အီရတ်က စည် ၂၆,၀ဝ၀၊ ကူဝိတ်က စည် ၁၆,၀၀၀၊ ကာဇက်စတန်က စည် ၁၀,၀၀၀၊ အယ်ဂျီးရီးယားက စည် ၆,၀၀၀ နှင့် အိုမန်ကစည် ၅,၀၀၀ စီ အသီးသီးတိုးမြှင့် ထုတ်လုပ်သွားမည်ဖြစ်သည်။ ဟော်မုရေလက်ကြားအတွင်း ဖြစ်ပွားနေသော ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် ရိုက်ခတ်မှုများရှိသော်လည်း ယခုကဲ့သို့ ဖြေလျှော့ ခြင်းအားဖြင့် ဈေးကွက်ကို ထိန်းညှိနိုင်မည်ဖြစ်သည်။

06 Jul

ADVERTISE HERE .