“မုတ်သုံလေကို အလွန်ကောင်းနေ၍ ဇူလိုင်လ ၁၂ ရက်အထိ ဒေသအချို့မှာ မိုးကြီးနိုင်”

06 Jul

မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံဒေသ အများအပြားမှာ ဇူလိုင်လ ၅ ရက်မှ ၁၂ ရက်အထိ မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၅ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။ သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ ချင်း၊ မွန်နှင့် ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများမှာ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးရာမှလှိုင်းအလွန်ကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေက တစ်နာရီ ၃၅ မိုင်မှ ၄၀ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၁ ပေမှ ၁၄ ပေခန့်အထိ ရှိနိုင်ကြောင်း အသိပေး ထားပါတယ်။ ဒါကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေးအပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုဆောင်ရွက်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက တိုက်တွန်းအသိပေးထားပါတယ်။ (NVS 008)

06 Jul

ADVERTISE HERE .