“ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာနည်းပညာနှင့် ထုတ်ကုန်ပြပွဲကျင်းပ”

06 Jul

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်ရှိ GBS လယ်ယာဝန်ဆောင်မှုစခန်း၌ ဒေသတွင်း လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်တဲ့ လယ်ယာထုတ်ကုန်နှင့်နည်းပညာပြပွဲကို ဇူလိုင်လ ၅ ရက်က ကျင်းပ ခဲ့ပါတယ်။ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ထုတ်ကုန်နှင့် နည်းပညာပြပွဲများမှ တစ်ဆင့် တောင်သူများအနေဖြင့် ခေတ်မီလယ်ယာနည်းပညာများနှင့် ထုတ်လုပ်မှုစွမ်းအားမြင့် စက်ကိရိယာများကို ပိုမိုသိရှိအသုံးချနိုင်မည်ဖြစ်ပြီး ဒေသတွင်းလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဟု ပြောကြားခဲ့ပါတယ်။ အဆိုပါပြပွဲနှင့်အတူ Rice Export Zone စီမံချက်အရ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေနှင့် လယ်ယာသွင်းအားစုများကို ကျောင်းကုန်း၊ ညောင်တုန်းနှင့် ပန်းတနော်မြို့နယ်များမှ တောင်သူများကို ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

06 Jul

ADVERTISE HERE .