“လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးတို့ကို ကောင်းချီး မင်္ဂလာဆုတောင်း”
06 Jul
လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးတို့က ဇူလိုင်လ ၅ ရက်မှာ လွန်ပရာဘန်မြို့ရှိ Souphattra Hotel တွင် ကျင်းပသော လာအိုရိုးရာ ဘာစီ (Baci) ဆုတောင်းပွဲသို့ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မင်္ဂလာဆီမီးညှိပူဇော်၍ ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်သမ္မတနှင့်ဇနီးတို့၏ ကံကောင်းခြင်း၊ ဂုဏ်ကျက်သရေ တိုးပွားခြင်းနှင့် နိုင်ငံတော်တာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ လာအိုနိုင်ငံမှ ဘာသာရေးဆိုင်ရာတာဝန်ခံတစ်ဦးက လာအိုရိုးရာ ဓလေ့အတိုင်း ဆုမွန်ကောင်းများ တောင်းပေးခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူးနှင့်ဇနီးတို့က လာအိုရိုးရာဘာစီမင်္ဂလာကြိုးဖြူကို အပြန်အလှန်ချည်နှောင်ပေးကာ ကောင်းချီးမင်္ဂလာများ ဆုတောင်းပေးခဲ့ကြပါတယ်။ (NVS 008)