“ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း”
06 Jul
လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့မှာ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန် အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြ ပါတယ်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့်ဓလေ့ထုံးတမ်းများမှာ တူညီမှုများစွာရှိသဖြင့် ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်သမ္မတက မန္တလေး၊ ပုဂံ၊ ရန်ကုန်နှင့် လွန်ပရာဘန်မြို့များအကြား ခရီးသွားလုပ်ငန်း ချိတ်ဆက်ဖွံ့ဖြိုးလာပါက နှစ်နိုင်ငံအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ (NVS 008)