“သွင်းဂိုး ခုနစ်ဂိုးဖြင့် ထိပ်ဆုံးမှဦးဆောင်နေတဲ့ မက်ဆီ”
05 Jul
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အာဂျင်တီးနားအသင်းက ကိတ်ဗာဒီအသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်တွင် မက်ဆီ က အာဂျင်တီးနားအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပြီးနောက် ပြိုင်ပွဲအတွင်း သွင်းဂိုးအများဆုံးကစားသမားစာရင်းတွင် သွင်းဂိုးခုနစ်ဂိုးဖြင့် ထိပ်ဆုံး၌ဦးဆောင်နေကြောင်း Goal. com သတင်းဝက်ဘ်ဆိုက်က ဖော်ပြခဲ့ပါတယ်။ မက်ဆီ က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်များတွင် အယ်လ်ဂျီးရီးယားအသင်းကို ဟက်ထရစ်ဂိုး သွင်းယူခဲ့ပြီးနောက် ဩစတြီးယားအသင်းနှင့်ပွဲစဉ်တွင် သွင်းဂိုး နှစ်ဂိုး၊ ဂျော်ဒန်အသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုး တစ်ဂိုး၊ ယခု ၃၂ သင်း ရှုံးထွက်အဆင့်အဖြစ် ကိတ်ဗာဒီအသင်းနှင့် ပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး သွင်းယူခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ သွင်းဂိုးအများ ဆုံးကစားသမားအဖြစ် ရပ်တည်နေခြင်းဖြစ်ပါတယ်။ ၎င်းနောက်တွင် ပြင်သစ် အသင်း အမ်ဘတ်ပီ က သွင်းဂိုးခြောက်ဂိုးဖြင့် ဒုတိယ၊ နော်ဝေအသင်းမှ ဟာလန်း က သွင်းဂိုးငါးဂိုးဖြင့် တတိယ၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်း က သွင်းဂိုးငါးဂိုးဖြင့် စတုတ္ထ၊ ပြင်သစ်အသင်းမှ ဒမ်ဘီလီ က သွင်းဂိုးလေးဂိုးဖြင့် ပဉ္စမနေရာတို့တွင် အစဉ်လိုက်ရပ်တည်နေကြကြောင်း သိရပါတယ်။(NVS 008)