“ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၆)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟစာမေးပွဲနှင့် (၈၉)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ အာဂုံစာပြန်ပွဲ အောင်ဆုနှင်းသဘင်ကျင်းပ”

05 Jul

ရှမ်းပြည်နယ်လုံးဆိုင်ရာ (၈၆)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟစာမေးပွဲနှင့် (၈၉)ကြိမ်မြောက် ဝိနယာဒိနုဂ္ဂဟ အာဂုံစာပြန်ပွဲ အောင်ဆုနှင်းသဘင်အခမ်းအနားကို ဇူလိုင်လ ၄ ရက် မွန်းလွဲ ၁ နာရီတွင် ညောင်ရွှေမြို့ အဌဒိသာ ဓမ္မဝိဟာရကျောင်းတော်ကြီး၌ ကျင်းပခဲ့ကြောင်းသိရပါတယ်။ အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားတွင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ မိုင်းသောက်ပထမစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ ဝိနယာဒိနုဂ္ဂဟစာမေးပွဲဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ထံမှ သီလခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်ကို နာယူကြည်ညို ကြပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက ဝိနယာဒိနုဂ္ဂဟစာမေးပွဲအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ထံမှ အနုမောဒနာ တရားတော်များ နာယူကြည်ညိုကာ အောင်လက်မှတ်၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။(NVS 008)

05 Jul

ADVERTISE HERE .